Windows 8.8.1 တွေမှာ Refresh & Reset ပြု လုပ်နည်းအပြည့်အစုံ

Posted by ဇူးနစ် on 05:49 with 2 comments
မင်္ဂလာပါ
ဒီပိုစ့်လေးကို မဖြစ်ဖြစ်အောင် ရေးပေးသွားဖို့ စဉ်းစားနေခဲ့တာ
ကြာပါပြီ ပထမတစ်ခေါက် ရေးပါသေးတယ် ရေးနေရင်းနဲ့ မှားပြီး
ဖျက်လိုက်မိတာ တော်တော်စိတ်ပျက်မိသွားတယ်။

ခေါင်းစဉ်လေးကြည့်တာနဲ့ သိတဲ့သူတွေအတွက် အထူးအဆန်းမဟုတ်ပေမယ့်
မသိသေးတဲ့ အထူးသဖြင့် Windows 8.8.1 ချစ်ပရိတ်သတ်ကြီးအနေဖြင့်
လုံးဝ သိထားသင့် တတ်ထားသင့်တဲ့ နည်းပညာလေး ဖြစ်ပါတယ်။

 ကျနော် Windows ကို ကြို က်ပြီးသုံးစွဲ ဖြစ်သွားတာလဲ ဒီ Feature ကြောင့်
ဖြစ်မယ်ထင်ပါတယ် တစ်ခြားသော Function ပေါင်းများစွာပါပေမယ့်
ကျနော်အကြို က်ဆုံးကတော့ Windows 8.8.1 စနစ်ထဲမှာ စပါယ်ရှယ်
အနေဖြင့် ပါလာတဲ့ ဒီ Refresh & Reset စနစ်ကို အရမ်းသဘောကျလို့
ကျနော် Windows 8.8.1 စထွက်ကတည်းက အခုချိန်ထိ
 စွဲစွဲမြဲမြဲ သုံးစွဲနေတာပဲဖြစ်ပါတယ်။

အခုကျနော် ပြန်လည်မျှဝေသွားမယ့် နည်းလမ်းလေးကိုတော့ သင့်ဟာ
Windows 8.8.1 ချစ်ပရိတ်သတ်တစ်ယောက်လည်း ဖြစ်တယ် အသုံးလည်း
ပြု နေဆဲ ဆိုရင်တော့ လုံးဝ သိထားရမယ့်အပိုင်းဖြစ်သလို မဖြစ်မနေ
တတ်ကို တတ်ထားရမယ့် Windows 8.8.1 တို့ရဲ့ စပါယ်ရှယ် Feature ဖြစ်ပါတယ်။



Windows 8.8.1 တွေမှာ Refresh ပြုလုပ်နည်း
=========================
 Windows 8.8.1 တွေမှာ Refresh ပြု လုပ်နည်းကိုမစတင်မှီ ဘာကြောင့်
ပြု လုပ်ရတာလဲ ဘာအတွက်လဲ ဘာလို့ပြု လုပ်သင့်သလဲ ပြုလုပ်လို့ကော
ဘာဖြစ်လာနိုင်သလဲ စတဲ့ မေးခွန်းမျိုး ကိုပထမဆုံး စဉ်းစားရမယ့်အပိုင်းပါ

ဘာကြောင့်ပြုလုပ်ရသလဲဆိုတာနဲ့ပတ်သက်ပြီး ကျနော်နားလည်သလောက် သို့မဟုတ်
ကြုံ တွေ့ခဲ့ရတဲ့ ပြသနာများနဲ့ လက်လှမ်းမှီသလောက်ကို အနည်းငယ်ရှင်းပြရှင်းပြချင်ပါတယ်။

အဖြစ်အများဆုံးတစ်ခုကတော့ Windows 8.8.1 တွေမှာ Automatic Repair ဖြစ်တာမျိုး
ပြီးတော့ USB မှတစ်ဆင့်ကူးစက်လေ့ရှိတဲ့ Shortcut Virus ကြောင့်Folder တွေ
ထပ်ဆင့်ပွားနေပြီး တစ်ချို့  File & Folder တွေ ပျောက်ပျစ်စီးသွားတာမျိုး

မသုံးတတ်သေးခင် အင်တာနက်အသုံးပြု နေတုန်း အင်တာနက်ပေါ်မှ လာတဲ့
 Trojan Virus စတဲ့ အင်တာနက် Virus တွေကြောင့် ကွန်ပျူ တာဟာ Crack ဖြစ်ပြီး
ကြောင်အန်းနေပြီး ဘာမှလုပ်မရပဲ စက်ကလေးလန်းနေတာမျိုး

 နောက်ဆုံး ဘာထိဖြစ်လာသလဲဆိုတော့ Start Menu ကိုတော့ ဖေါ်လို့ရပေမယ်
 Change PC Setting တွေကို ၀င်လို့မရတော့ပဲ ဖြစ်နေတတ်မျိုး

ပြီးတော့ သုံးလက်စ Windows ကြီးက ကြာလာတော့ မြန်ဆန်မှုနည်းလာတယ်
အသုံးပြု ရတာမကောင်းတော့ အင်စတောလုပ်ထားတဲ့ ဆော့ဝဲတွေက
များလာပြီး ဘာဖြစ်လို့ ဖြစ်မှန်းမသိဘူး ပြသနာပေါင်းသောင်းခြောက်ထောင်

ဖြစ်နိုင်ရင် Windows အဟောင်းကို လဲပြီး အသစ်တင်ပြီး သုံးချင်လာတဲ့အခါ
ပြီးတော့ တစ်ချို့ မှာ Windows 8.8.1 တွေက ကွန်ပျူ တာဝယ်လာကတည်းက
Original Windows ဖြစ်နေတယ် ဆုံးရှုံးသွားမှာလည်း နမြောတယ် အသုံးပြု
လို့ကလည်း အရင်လို အဆင်မပြေတော့ဘူး မလဲမဖြစ်လဲရတော့မယ့်အချိန်မျိုးမှာတော့
ဒီနည်းလမ်းနဲ့ ဖြေရှင်းယူရမှာပဲ ဖြစ်ပါတယ်။

အပေါ်မှာ ရှင်းပြခဲ့ပြီးဖြစ်တဲ့ Windows နဲ့ နေစဉ်ပြသနာတွေက ပျမ်းမျှပဲရှိပါသေးတယ်
တစ်ခြားသော ကိုယ်မသိသေးတဲ့ ပြသနာပေါင်းများစွာကိုဖြေရှင်းပြီး ဆိုင်က၀ယ်လာတဲ့
အတိုင်း Windows Original ဆိုလည်း ပကတိအတိုင်းပေါ့ Windows Copy ဆိုရင်လည်း
ဝင်းဒိုးတင်ခါစအတိုင်းလို ပြန်ရယူချင်တယ်ဆိုရင်တော့ ဒီ Refresh လုပ်နည်းကို
လုံးဝသိထားရတော့မှာ ဖြစ်ပါတယ်၊ ဒီ Refresh လုပ်နည်းက အထက်ပါ ပြသနာများ
အားလုံးကို ဖြေရှင်းပေးနိုင်အောင် Microsoft က ဒီ Windows 8.8.1 ရဲ့ Feature မှာ
အသုံးပြု သူတွေအတွက် သီးသန့်ထည့်ပေးလာတာ ဖြစ်ပါတယ်။

အခုလောက်ဆိုရင်တော့ အပေါ်ကမေးခွန်းများအတွက် ပြီးပြည့်စုံတဲ့ အဖြေမျိုး
မဟုတ်ရင်တောင်မှ နေ့စဉ်ကြုံ တွေ့နေရတဲ့ ပြသနာများအတွက်တော့
လုံလောက်ပြီလို့ ထင်ပါတယ်။ ဒါကြောင့် သင့်အတွက် ဒီလောက်အရေးကြီး
ပြီး ကွန်ပျူ တာပြသများအတွက် ဆရာမလိုပဲ ဆိုင်ကိုသွားပြစရာမလိုပဲ
ကိုယ်တိုင်ကိုယ်ကျ စနစ်တကျ ဖြေရှင်းနိုင်အောင် သိထားသင့် တတ်ထား
သင့်တာမို့ အောက်မှာ စတင်လေ့လာကြည့်ရအောင်ပါ။

Windows 8.8.1 ကို တကယ်လို့ Refresh တစ်ခုပြု လုပ်တော့မယ်ဆိုရင်တော့
သင့်ကွန်ပျူ တာမှာ ရှိတဲ့ ဆော့ဝဲများနဲ့ အရေးကြီးတဲ့ Data များကို အရင်ဦးဆုံး
တစ်ခုခုနဲ့ သိမ်းဆည်းထားလိုက်ပါခင်ဗျား အကုန်လုံး အသစ်လိုဖြစ်သွားမှာဖြစ်တဲ့
အတွက် အရေးကြီးတဲ့ Personal Data များကို တစ်ခြားတစ်ခုမှာ သိမ်းဆည်းထားပေးပါ။

Windows 8.8.1 တွေမှာ Refresh ပြု လို့ဖို့ရန်အတွက်ကတော့
ကွန်ပျူ တာကီးဘုတ်ထဲမှာ Windows Logo လေးနဲ့ပါတဲ့ ကီးကိုတစ်ချက်
နှိပ်လိုက်ပါ အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ်။


Start Menu ထဲကနေ သွားရမှာဖြစ်တဲ့အတွက် ညာဘက်ထောင့်လေးကို
မောက်စ့်လေးကို ရွေ့လိုက်ပါ အောက်ကပုံအတိုင်း ပေါ်လာလာပါလိမ့်မယ်။


Change PC Setting ထဲကိုသွားရမှာ ဖြစ်တဲ့အတွက် အောက်ကပုံအတိုင်း
Start Menu မှ Setting ကိုတစ်ချက်နှိပ်လိုက်ပါ။


Setting ကိုတစ်ချက်နှိပ်လိုက်တဲ့အခါ အောက်ပုံအတိုင်း Change PC Setting
ဆိုပြီး ပေါ်လာပါလိမ့်မယ် အဲဒီ Change PC Setting ကိုတစ်ချက်နှိပ်လိုက်ပါ။


Windows 8 ဆိုရင်တော့ အောက်ပုံအတိုင်း General > Refresh your PC without affecting your files option ဆိုတဲ့ စာတန်းရဲ့အောက်မှ Get started ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ။


Windows 8.1 မှာတော့ အောက်ကပုံအတိုင်း
 Update recovery ဆိုတာကို တစ်ချက်နှိပ်ပေးလိုက်ပါ။


Recovery ဆိုတာကို ထပ်နှိပ်ပေးပါ


Recovery ဆိုတာကိုတစ်ချက်နှိပ်လိုက်ပြီးတာနဲ့
Refresh your PC without affecting your files option ဆိုတဲ့
 စာတန်းရဲ့အောက်မှ Get started ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ။


 အောက်ကပုံအတိုင်း ပြနေခဲ့ရင်တော့ Refresh your PC ရဲ့အောက်
Next ဆိုတာကိုတစ်ချက်ထပ်နှိပ်လိုက်ပါ။

(ဒီနေရာမှာ သတိထားစေချင်တာလေးကတော့ Internet Connection ပါ)


ကျန်တဲ့အပိုင်းကတော့ Windows 8 & 8.1 ကတူသွားပါပြီ အောက်ကပုံကိုကြည့်လိုက်ပါ၊


အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့ Refresh ဆိုတာကိုနှိပ်လိုက်ပါ


ဒီနေရာမှာတော့ Windows 8.1 မှာ အောက်ကပုံအတိုင်းဖေါ်ပြနေပါလိမ့်မယ်
အနီရောင်လေးနဲ့ဝိုင်းပြထားတဲ့နေရာလေးတွေကို စိတ်ဝင်စားရင်ဖတ်ကြည့်ပေးပါ
ဘာမှ ထူးထူးထွေထွေလုပ်စရာရှိတော့ဖူး နားမလည်ဖူးဆိုရင်တော့ ဘာမှလုပ်စရာ
မလိုပါ Next ကိုသာ နှိပ်ပေးလိုက်ပါ။


Next ဆိုတာကိုနှိပ်လိုက်ပြီးတဲ့အခါ အောက်ကပုံအတိုင်း
ပြနေခဲ့ရင်တော့ Windows 8.1 media နဲ့ပတ်သက်လုံး Official က
အသုံးပြု မလား စသည်ဖြင့် သတိပေးထားတလေးပါ Cancel လုပ်ထားခဲ့ပါ။


အောက်ကပုံအတိုင်း မြင်နေရရင်တော့ Refresh ဆိုတာကို 
နှိပ်ပေးလိုက်ပါ (Windows 8 နဲ့တူပါတယ်)


အောက်ကပုံအတိုင်း Windows 8 မှာ Restarting ဆိုပြီးပြနေပါလိမ့်မယ်


Windows 8.1 မှာလည်း အောက်ကပုံအတိုင်း Restarting ဆိုပြီးပြနေပါလိမ့်မယ်


Windows 8 မှာတော့ preparing to refresh your PC ဆိုပြီးပြနေပါလိမ့်မယ်


Windows 8.1 မှာလည်း အောက်ကပုံအတိုင်း Refreshing your PC ဆိုပြီး
ပြနေပါလိမ့်မယ် အောက်မှာ ကြည့်လိုက်ပါ။


Windows 8 မှာလည်း Refreshing your PC ဆိုပြီး
ပြနေပါလိမ့်မယ် အောက်မှာ ကြည့်လိုက်ပါ။


ကွန်ပျူ တာက Restart ကျပြီးသွားရင်တော့ Welcome ဆိုပြီး
Windows 8 မှာရော့ Windows 8.1 မှာပါ အောက်ပုံအတိုင်းပြနေပါလိမ့်မယ်။


Windows  8 မှာတော့ preparing ဆိုပြီး အာက်ကပုံအတိုင်းပြနေပါလိမ့်မယ်


 အောက်ကပုံအတိုင်း getting devices ready in progress ဆိုပြီး
အလုပ်လုပ်နေပါလိမ့်မယ် ဘာမှထပ်လုပ်ပေးစရာမလိုပါ



Getting devices ready %100% ပြီးတာနဲ့ အောက်ကပုံအတိုင်း
Restarting PC ဆိုပြီး ပြနေပါလိမ့်မယ် စောင့်နေလိုက်ပါ


Windows 8.1 မှာတော့ အောက်ကပုံအတိုင်း ပြနေပါလိမ့်မယ်


Restart ကျပြီးလို့ ပြန်တက်လာတဲ့အခါမှာတော့ သင့်မှာ ကွန်ပျူ မှာ
Password ထည့်သုံးထားတယ်ဆိုရင်တော့ အောက်ကပုံအတိုင်း
Lock Screen မျက်မှာပြင်သား မြင်နေပါလိမ့်မယ် Password ကို
ထည့်ပြီး Login ၀င်လိုက်ပါ။


Windows 8.1 မှာတော့ Lock Screen ကို အောက်ကပုံအတိုင်း
မြင်နေရပါလိမ့်မယ် Login ၀င်လိုက်ပါ။


Lock Screen ကို Login လုပ်ပြီးရင်တော့ အောက်ကပုံအတိုင်း
getting things ready screen ဆိုတဲ့ မျက်နှာပြင်ကြီးအရင်ပေါ်လာပါလိမ့်မယ်။


ကျန်တဲ့အပိုင်းကတော့ Windows 8 နဲ့ Windows 8.1 တို့မှာ တူသွားပြီမို့
Windows 8 Features အတိုင်းပဲ အောက်ကပုံလေးတွေကို ကြည့်လိုက်ပါ။

အောက်မှာ မြင်ရမယ့် ပုံများသည် Windows 8 တစ်ခုကို စတင်ခါစကအတိုင်း
မြင်နေရမှာ ဖြစ်ပါတယ် ဘာမှ ထပ်လုပ်ပေးစရာမလိုတော့ပါ။









အားလုံးပြီးသွားရင်တော့ အောက်ကပုံအတိုင်း
 အောင်မြင်စွာနဲ့အောက်က ပုံအတိုင်း မြင်နေရပါလိမ့်မယ်။


Windows 8.1 မှာ အောက်ကပုံအတိုင်း လန်းနေပါလိမ့်မယ်


Windows 8.8.1 တွေမှာ Reset ပြု လုပ်နည်း
========================
ဒီတစ်ခါ Windows 8.8.1 တွေကို Reset ပြု လုပ်နည်းကို စတင်ကြရအောင်ပါ
Reset မပြု လုပ်မှီ အရေးကြီးတဲ့ Data တွေကို သိမ်းဆည်းထားပေးပါ

Reset ချတာကတော့ Android Device အတိုင်းပဲပေါ့ အပေါ်ကရှင်းပြခဲ့ပြီး
အတိုင်း ဘာကြောင့် ပြု လုပ်သင့်တယ် စသည်ဖြင့် ရှင်းပြချက်များကို
အပေါ်မှာ ပြန်ကြည့်လိုက်ပါ အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ အောက်မှာ
ဆက်လေ့လာကြည့်လိုက်ပါ။


Start Menu ထဲကနေ သွားရမှာဖြစ်တဲ့အတွက် ညာဘက်ထောင့်လေးကို
မောက်စ့်လေးကို ရွေ့လိုက်ပါ အောက်ကပုံအတိုင်း ပေါ်လာလာပါလိမ့်မယ်။


Change PC Setting ထဲကိုသွားရမှာ ဖြစ်တဲ့အတွက် အောက်ကပုံအတိုင်း
Start Menu မှ Setting ကိုတစ်ချက်နှိပ်လိုက်ပါ။


Setting ကိုတစ်ချက်နှိပ်လိုက်တဲ့အခါ အောက်ပုံအတိုင်း Change PC Setting
ဆိုပြီး ပေါ်လာပါလိမ့်မယ် အဲဒီ Change PC Setting ကိုတစ်ချက်နှိပ်လိုက်ပါ။


 Windows 8 ဆိုရင်တော့ အောက်ပုံအတိုင်း General > 'Remove everything and reinstall Windows' option ဆိုတဲ့ စာတန်းရဲ့အောက်မှ Get started ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ။



Windows 8.1 မှာတော့ အောက်ကပုံအတိုင်း
 Update recovery ဆိုတာကို တစ်ချက်နှိပ်ပေးလိုက်ပါ။


Recovery ဆိုတာကိုတစ်ချက်ထပ်နှိပ်လိုက်ပါ။



Remove everything and reinstall Windows option ဆိုတဲ့
 စာတန်းရဲ့အောက်မှ Get started ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ။


 Windows 8 နဲ့ 8.1 တွေမှာ သိပ်ထူးခြားချက် မရှိတော့ပါ အားလုံး နီးပါးတူပါတယ်၊
 ဒါကြောင့် Windows 8 Option အတိုင်းပဲ ရှင်းပြသွားတော့မှာ ဖြစ်ပါတယ်
 အောက်ကပုံတွေကို လေ့လာကြည့်လိုက်ပါ။

အောက်ကပုံအတိုင်း ပြနေခဲ့ရင်တော့ Next ကိုနှိပ်လိုက်ပါ။


Next ဆိုတာကိုနှိပ်လိုက်တဲ့အခါ အောက်ကပုံအတိုင်း မြင်နေရပါလိမ့်မယ်


 အပေါ်ကပုံအတိုင်း preparing ပြု လုပ်ခြင်းကိစ္စပြီးဆုံးသွားရင်တော့
အောက်ကပုံအတိုင်း ရွေးချယ်ရမယ့် Option နှစ်ခုရှိပါတယ်
အဲဒီမှာ Select Just remove my files ဆိုတာကို ရွေးချယ်ပြီး နှိပ်လိုက်ပါ။


အောက်ကပုံအတိုင်းမြင်နေရရင်တော့ Reset ဆိုတာကိုနှိပ်လိုက်ပါ


အပေါ်ကပုံ Windows Reset ပြု လုပ်ခြင်းကိစ္စ proceed ပြီးသွားရင်တော့
ကွန်ပျူ တာက သူ့အလိုလို Restart ကျသွားပါလိမ့်မယ်။


Restart ကျပြီးလို့ ပြန်တက်လာရင်တော့ preparing လုပ်နေပါလိမ့်မယ်


အောက်ကပုံအတိုင်းမြင်နေရရင်တော့ စောင့်နေလိုက်ပါ ဘာမှ ထပ်လုပ်စရာ
မလိုတော့ပါ၊ Resetting your PC %100% အထိ သူ့အလိုလို လုပ်နေပါလိမ့်မယ်။


အောက်မှာဆိုရင်တော့ Reset လုပ်ခြင်းကိစ္စ progress ကိုစတင်နေပါပြီ


 Reset လုပ်ခြင်းကိစ္စ ပြီးဆုံးသွားရင်တော့ အောက်ကပုံအတိုင်း
getting devices ready ဆိုပြီး မြင်နေရပါလိမ့်မယ်။


အောက်ကပုံအတိုင်း မြင်နေရရင်တော့ Windows 8.8.1 ကိုစတင်ဖို့
အသင့်အနေအထား ဖြစ်နေပါပြီ။


license terms မှ Agreement ဆိုတာဖြစ်ပါတယ်
I accept the license terms for using windows ဆိုတဲ့နေရာမှာ
အမှန်ခြစ်လေးပေးလိုက်ပါ ပြီးရင် Accept ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါ။


အောက်ကပုံအတိုင်း Screen စတင်ပြီးတာနဲ့ personalization option ကို
မြင်နေရပါလိမ့်မယ် ဘာမှ ထပ်လုပ်စရာမလိုသေးပါ။


အောက်ကပုံအတိုင်းမြင်နေရရင်တော့ မိမိကြို က်နှစ်သက်တဲ့
Windows 8 theme colour ကိုတစ်ချက်ချင်းစီနှိပ်ပြီးရွေးချယ်နိုင်ပါတယ်။

Pc name နေရမှာတော့ နာမည်တစ်ခုခုကို ရေးပေးလိုက်ပါ
(Administer နာမည်ကို မရေးပါနဲ့)

အားလုံး စိတ်ကြို က်ပြီးရင်တော့ Next ဆိုတာကိုနှိပ်လိုက်ပါ။


အောက်မှာပုံအတိုင်း မြင်နေရရင်တော့ကျနော်အနီရောင်းနဲ့ဝိုင်းပြထားတဲ့
Customize ဆိုတာကိုနှိပ်လိုက်ပါ။

ကတယ်လို့ Use express settings ကိုအသုံးပြု မယ်ဆိုရင်တော့
Use express settings ဆိုတာကို ရွေးချယ်အသုံးပြု နိုင်ပါတယ်။


အောက်ကပုံအတိုင်း မြင်နေရရင်တော့ Email Address နေရာမှာ
အသုံးပြု နေတဲ့ Gmail ကိုထည့်ပေးလို့ရသလို ဘာမှမလုပ်ချင်သေးဖူး
ဆိုရင်တော့ Next ဆိုတာကို နှိပ်လိုက်ပါ။


အောက်ကပုံအတိုင်း Account option နှစ်ခုသို့ရောက်တဲ့အခါမှာတော့
မိမိမှာ Microsoft account အသင့်ရှိနေပြီးသားဆိုရင်တော့
Microsoft account ဆိုတာကိုနှိပ်လိုက်ပါ။

တကယ်လို့ Microsoft account ကိုအသုံးပြု ချင်တယ် အသင့်မရှိနေသေး
ရင်လည်း အကောက်အသစ်တခုအဖြစ် Create လုပ်ယူနိုင်ပါတယ်။

Local account အဖြင့် အသုံးပြု မယ်ဆိုရင်တော့ Local account ဆိုတာကို
ရွေးချယ် နှိပ်ပေးလိုက်ပါ။


အောက်ကပုံအတိုင်း မြင်နေရရင်တော့ User Name နေရာမှာ မိမိနာမည်ကို
ထည့်ပေးပါ (အသုံးပြု လိုတဲ့ Administer နာမည်) ပြီးရင်တော့
 Finish ဆိုတာကို နှိပ်ပေးလိုက်ပါ။


Finish ဆိုတာကိုနှိပ်လိုက်ပြီးတာနဲ့ အောက်ပုံအတိုင်း finalizing your settings ဆိုပြီး
မြင်နေရပါလိမ့်မယ် ဘာမှထပ်လုပ်ပေးစရာမလိုတော့ပါ။


ဘာမှထပ်လုပ်စရာမလိုတော့အတွက် စောင့်နေပေးလိုက်ပါ


အောက်ကပုံအတိုင်း ရောင်စုံများနဲ့မြင်နေရရင်တော့ မိနစ်အနည်းငယ်
ကြာနေပါလိမ့်မယ် စောင့်နေလိုက်ပါ။


အောက်ပုံအတိုင်း Let's start နဲ့မြင်နေရရင်တော့ အောင်မြင်ပါပြီ။


Reset ချခြင်းကိစ္စ အားလုံးပြီးသွားရင်တော့ အောက်ကပုံအတိုင်း
windows 8.8.1 များဟာ ဆိုင်ကယ်ဝယ်လာခါစအတိုင်း အလန်းဆုံးဖြစ်နေပါလိမ့်မယ်။


အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် 
ကျနော်ကြိုးစားနေပါဦးမယ်

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)