Facebook မှာတင်တဲ့ video ဖိုင်တွေကို ဒေါင်းမယ်

Posted by ချမ်းငြိမ်း on 07:56 with 1 comment

Facebook မှာတင်တဲ့ video ဖိုင်တွေကို ဒေါင်းမယ်

အခု ကျနော်ရေးမယ့် အကြောင်းကတော့..
ကျနော့် Pages မှာ အကြိမ် ၁၀၀ ကျော်မကမေးထားကြတဲ့
အကြောင်းရာလေးပါ..
Facebook မှာတင်တဲ့ video ဖိုင်တွေကို ဒေါင်းယူတဲ့နည်းလမ်းလေးပါ..
တော်တော်များများသိပြီး ဖြစ်မှာ ဖြစ်သလို
တော်တော်များများကလည်း မသိသေးတဲ့ အရာလေးပါ..
ဒီတော့ သိပြီးသူများကျော်သွားကြဖို့ အရင်အသိပေးပါရစေ..
ဘယ်ကိစ္စမဆို ဒါများအလွယ်လေးဆိုပြီး ကောက်ချက်ချကြတာများပါတယ်..
မသိသေးသူများကိုလည်း အထင်သေးစိတ်မထားသင့်ပါဘူး..
တခါက လူတယောက်က User တွေပိန်းလို့
ဆိုပြီး ထမင်းရည်လျှာလွှဲ ပြောတာကြားဖူးပါတယ်..
ဒီလိုစိတ်ထားဟာ ကျနော့်အတွက်တော့ အောဂလီဆန်ပါပဲ..
စရအောင် ဖုန်းထဲမှာ နောက်ဆုံးထွက် Facebook Apk ရယ်
Download ဆွဲဖို့အတွက် Android တွေအတွက် ကျနော် အကြိုက်ဆုံး
Advanced Download Manager  ရယ် ..။
ဒေါင်းထားတဲ့ ဘယ်လို media format ကိုမဆို
ရုပ်သံကောင်းကောင်း နဲ့ ကြည့်နိုင်ဖို့ MX Player ရယ် ရှိဖို့လိုပါတယ်..
မရှိသေးရင်တော့ နောက်ဆုံးထွက် Facebook Apk ကို ဒီမှာ ယူပါ..
Advanced Download Manager ကို ဒီမှာ ယူပါ..
MX Player ကို ဒီမှာ ယူပါ..
ပြည့်စုံပြီဆိုရင် facebook ကို ဖွင့်မယ်...
video ဖိုင်တင်ထားတာကို ရှာတွေ့ရင် အောက်က (ပုံ။၂) မှာ
ပြထားတဲ့ video ဖိုင်တင်ထားတဲ့ ပို့စ်ရဲ့ ညာဘက်အပါ် ထောင့်လေးကို နှိပ်လိုက်ပါ..
ကျနော်ကတော့ Seventh Son (2014) မြန်မာစာတန်းထိုး တင်ထားတဲ့
ပို့စ်က နမူနာ video ဖိုင်လေးကို ရွေးထားတယ်..။

(ပုံ။၂)


အဲဒါဆိုရင် Save " Seventh Son (2014) မြန်မာစာတန်းထိုး 
View Edit History 
I don't like this post
Turn on notifications ဆိုပြီး ပေါ်လာပါလိမ့်မယ်..
အောက်က (ပုံ။၃) ကိုကြည့်ပါ..
အဲဒီမှာ Save " Seventh Son (2014) မြန်မာစာတန်းထိုး ကိုရွေးလိုက်ပါ..

(ပုံ။၃)

ပြီးရင် ကိုယ့်ရဲ့ Profile ကို ၀င်လိုက်ပါ..
အဲဒီ View your Profile အောက်က (ပုံ။၎) မှာ မြှားပြထားတဲ့
Seved ကို နှိပ်လိုက်ပါ..

(ပုံ။၎)
အောက်က (ပုံ။၅)ကို ဆက်ကြည့်ပါ..

(ပုံ။၅) 
အခုန save ထားတဲ့ video ကို တွေ့ပါပါပြီ..
အဲဒီပေါ်ကို နှိပ်လိုက်ပါ..
အောက်က (ပုံ။၆) မှာပြထားတဲ့ အတိုင်း ကြိုက်ရာနဲ့ ရွေးယူကြည့်ရှုဒေါင်းယူနိုင်ပါတယ်..

(ပုံ။၆)

 ဒီနေရာမှာ သတိပြု စရာရှိတာက  
တခုခုကို ရွေးပြီး Always ကိုနှိပ်လိုက်မယ်ဆိုရင်တော့..
နောက်အကြိမ်တွေကြရင် ဘာမှ ရွေးချယ်ခွင့်ပေးတော့မှာ မဟုတ်ပါဘူး။
ဒီတော့ ဘာကိုပဲရွေးရွေး Just once နဲ့ပဲ သွားပါ..
အဲဒီမှာ ဒေါင်းမယ်ဆိုရင် ADM ပေါ့...
ကြည့်မယ်ဆိုရင်တော့ MX Player ပေါ့..
ကျနော်က ADM နဲ့ ရွေးပြီး ဒေါင်းလိုက်တယ်..
အောက်က (ပုံ။၇) ကိုကြည့်ပါ..

(ပုံ။၇)
 ကျလာတဲ့ windows မှာ မြှားပြထားတဲ့ start ကိုရွေးလိုက်ပါ..
လိုင်းပေါ် မူတည်ပြီး အနှေးအမြန်ကွာမှာပေါ့..
ကျနော်ကတော့ ပြီးသွားပါပြီး..

(ပုံ။၈)
ပြီးသွားရင် ဘယ်မှာရှာမလဲ..
Android တွေကတော့ လွယ်ပါတယ်..
Gallery ထဲမှာပဲ သွားကြည့်ရအောင်..
တွေ့ပါပြီ...ADM ဆိုတဲ့ နာမည်နဲ့ပါ..

(ပုံ။၉)

အဲလိုဆိုရင် အဆင်ပြေမယ် ထင်ပါတယ်..
FB မှာဘယ်သူတင်ထားတာပဲ ဖြစ်ဖြစ် အဲဒီနည်းလမ်းလေးအတိုင်း
လုပ်ပြီး Facebook က video ဖိုင်တွေကို ဒေါင်းယူ ကြည့်ရှုနိုင်ပါတယ်..

Categories: ,