• windows - 8.1 Professional VL (x86/x64) EN-US November 2014

    ခေါင်းစဉ်ကိုတော့ copy right ကြောက်လို့ မြန်မာလိုပဲ တတ်လိုက်ပါတယ်.. အရင်ကလည်း ကျနော်တင်ပေးဖူးပါတယ်. အခုupdate လေးရလို့ တင်ပေးလိုက်ပါတယ်...

    Read More
  • The Lord of the Rings မြန်မာစာတန်းထိုး

    နဂိုထဲက ကောင်းပြီးသား ၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ကြတဲ့အခါ ပရိတ်သတ်တွေ စိတ်ကြိုက်မတွေ့ကြပါဘူး။ ဒါပေမယ့် The Lord of the Rings ဇာတ်ကားတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အကောင်းဆုံး ဖြစ်အောင်ရိုက်ကူးနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေသာမက ရုပ်ရှင် ဝေဖန်ရေးသမား တွေ ပါ ချီးကြူးခဲ့ရတဲ့ဇာတ်ကားကောင်း ဖြစ်ပါတယ်..

    Read More
  • Harry Potter မြန်မာစာတန်းထိုး

    Harry Potter ဆိုရင် တကမ္ဘာလုံးမသိသူမရှိလောက်အောင် အောင်မြင်ခဲ့တဲ့ရုပ်ရှင်ပါ.. ရုပ်ရှင်တင်လားဆိုတော့ မဟုတ်ပါဘူး စာအုပ်တွေပါ အောင်မြင်ခဲ့တာပါ.. ၂၀၀၁ ကနေ ၂၀၁၁ အထိထွက်ခဲ့တဲ့ ရုပ်ရှင် ( ၈ )ကားကို မြန်မာစာတန်းထိုးနဲ့ တင်ပေးလိုက်ပါတယ်.

    Read More
Showing posts with label software. Show all posts
Showing posts with label software. Show all posts

Friday, 23 October 2015

Folder Marker Pro Activated (Window တွေရဲ့ Folder အရောင် တွေကို မိမိ နှစ်သက်တဲ့ အရောင်ဖြစ်အောင် ချိန်းပေးတဲ့ ဆော့ဝဲလ်ဖြစ်ပါတယ်။ )

ပုံမှာမြင်တဲ့အတိုင်း Folder Marker Pro နဲ့ Window folder အရောင်ကို နှစ်သက်ရာ အရောင်ရွေးပေးလို့ရတဲ့ ဆော့ဝဲဖြစ်ပါတယ်။ အခုတင်ပေးတဲ့ ဆော့ဝဲလ်ပ Activated ဖြစ်ပြီးသားကို တင်ပေး လိုက်တာပါ။ Instal ပြီးတာနဲ့ Full Version အသုံးပြုလို့ရပါတယ်။ Computer အလှဆင်တာ ၀ါဒနာ ပါတဲ့ သူငယ်ချင်းတွေအတွက် အသုံးဝင်စေမဲ့ ဆော့ဝဲလ်ဖြစ်ပါတယ်။ 
စိတ်ဝင်စားရင်အောက်က လင့်မှာဒေါင်း ယူနိုင်ပါပြီ။


App Screenshot

အဆင်ပြေပါစေ။

Saturday, 4 April 2015

Huawei ဖုန်းများအတွက် Drivers သီးသန့် စုစည်းမှု

မင်္ဂလာပါ
Huawei ဖုန်းများအတွက် Drivers များကို သီးသန့်စုစည်းပြီး
အားလုံးအတွက် တင်ပေးလိုက်ပါတယ်။

အခုကျနော် တင်ပေးလိုက်တဲ့ Drivers အရေအတွက်ကတော့
လေးခုတည်းပါ တစ်ခြားလည်း အများကြီးကျန်နေဦးမယ်ထင်ပါတယ်။

ရနိုင်သလောက်ကို စုစည်းပြီးတင်ပေးလိုက်တာပါ
အောက်ကလင့်များမှာ ဒေါင်းလော့ရယူနိုင်ပါပြီ။

Huawei Linxu Driver

 Download Here

OR

Download Here 

Huawei MacOs X Driver

Download Here 

OR

Download Here 

Huawei MacOs X Driver (4.25.17.00)

 Download Here

OR

Download Here 

Huawei Modem Drivers

 Download Here

OR

Download Here 


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

Computer အသုံးပြု သူတိုင်းဆောင်ထားသင့် တဲ့ Windows Data Recovery ဆော့ဝဲ

မင်္ဂလာပါ 
FB မှ ညီအကိုတစ်ယောက် တောင်းဆိုးထားတာလေးပါ
ကွန်ပျူ တာအတွက် data recovery software ကောင်းကောင်းလေး
တင်ပေးပါဦးဆိုတာနဲ့ ဒီဆော့ဝဲလေးကို အားလုံးအတွက် တင်ပေးလိုက်ပါတယ်။
ဒီဆော့ဝဲကိုတော့ ကွန်ပျူ တာအသုံးပြု သူတိုင်း လုံးဝ
ဆောင်ထားသင့်တဲ့ စပါယ်ရှယ်ဆော့ဝဲကောင်းဖြစ်ပါတယ်။
 Size 3MB လောက်ပဲရှိပါတယ်၊ ပေါ့ပါပြီး အသုံးပြု ရတာ
အရမ်းကောင်းပါတယ် ကျနော်ကတော့ Data recovery software တွေထဲမှာ
ဒီကောင်လေးကို အကြို က်ဆုံးပဲဗျာ အရေးပေါ် အသုံးပြု ရတော့မယ်ဆိုရင်
ဒီကောင်လေးနဲ့ပဲ Data အားလုံးပြန်ရယူလေ့ရှိပါတယ်။

အကောင်သေးသလိုထင်ရပေမယ့် လုပ်ဆောင်ချက်ကတော့
အစွမ်းထက်ပါတယ်၊ အချိန်တိုတိုလေးအတွင်းမှာ မိမိကွန်ပျူ တာမှ
 ပျောက်ဆုံးသွားတဲ့ data တွေအားလုံးကို recovery လုပ်ပေးနိုင်ပါတယ်။
ပြီးတော့ နေ့စဉ် အသုံးပြု နေကြရတဲ့ SD card ,CD DVD Recovery အပြင်
တစ်ခြား USB, Hard drive Recovery စသည်ဖြင့် စွယ်စုံအသုံးပြု လို့ ရပါတယ်။
အင်စတောလုပ်ရတာလည်း အရမ်းလွယ်ကူတာမို့ ပုံလေးတွေနဲ့ 
မရှင်းပြနေတော့ပါခင်ဗျား အမြဲတမ်းအသုံးပြု လို့ရအောင်လို့ 
 ဒေါင်းလေ့ဖိုင်ထဲမှာ Series keys တွေကို တစ်ပါတည်းထည့်ပေးထားပါတယ်။
အသုံးလိုတဲ့သူတွေကတော့အောက်ကလင့်များမှာ 
ဒေါင်းလော့ရယူနိုင်ပါပြီ။


 OR

Download Here 

OR

Download Here 

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

Thursday, 26 March 2015

Stock Rom နဲ့ Custom Rom များ အလွယ်တကူ တင်ပေးနိုင်တဲ့ Flash Tool ဗားရှင်းလုံးအားကို တစ်နေရာတည်းရယူနိုင်ပါပြီ

မင်္ဂလာပါ
စမတ်ဖုန်းများအတွက် မရှိမဖြစ်တဲ့ Stock Rom နဲ့ Custom Rom များကို
 အလွယ်တကူ တင်ပေးနိုင်တဲ့ Flash Tool ဗားရှင်းလုံးအားကို တစ်နေရာတည်းရယူနိုင်
 အောင် တစ်နေရာတည်းစုစည်းတင်ပေးလိုက်ပါတယ်။

နာမည်ကြီးတာကတော့ Flash Tool လို့နာမည်ကြီးပါတယ်
တကယ်တော့ သူ့နာမည်အပြည့်အစုံက Smart Phone Flash Tool ဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် Firmware များကျသွားတဲ့အခါ ဒီ Tool ကိုအသုံးပြု ပြီး
 ဖုန်း/Tablet များကို Stock Rom နဲ့ Custom Rom များကို
အလွယ်တကူ တင်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

SP-Flash-Tool ဗားရှင်းအားလုံးက စုံချင်မှ စုံပါလိမ့်မယ်
ကျနော်ရသလောက်ကို စုစည်းတင်ပေးလိုက်ပါတယ်
အောက်ကလင့်မှာ ဒေါင်းလော့ရယူနိုင်ပါပြီ။

SP Flash Tool v5.1352.0 Mirror

SP Flash Tool v3.1344.0 Mirror

SP Flash Tool v3.1332.0 Mirror

SP Flash Tool v3.1328.0 Mirror

SP Flash Tool v3.1316.0 Mirror

SP Flash Tool v3.1312.0 Mirror

SP Flash Tool v3.1224.0 Mirror 

Smart Phone Flash Tool Features

=================

1. Flash Stock Rom: It allows you to flash scatter based Android Stock Rom or Custom Rom on the Android Smartphone. In short it also allows you to downgrade or upgrade your smartphone from the current running firmware to older or newer firmware.
2. Format Smartphone: With this feature you can format any Android Smartphone running on the MediaTek Chipset. Simply load the Scatter file and connect your smartphone to the computer and press on Format button.
3. Flash Recovery: Beside Flashing the complete Stock Rom or any Custom Rom, it also enable you to flash the recovery file. For Flashing recovery, you also need to load the Scatter file.

Ref-http://androidxda.com

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

2015 ရဲ့ အကောင်းဆုံး All Windows and Office – ReLoader Activator 1.2 Final

မင်္ဂလာပါ
Windows and Office အတွက် 2015 ရဲ့ အကောင်းဆုံး
Activator လေးကို တင်ပေးလိုက်ပါတယ်။

အကြောင်းအမျိုးအမျိုးကြောင့် Windows နဲ့ Office များမှာ
Activate မဖြစ်သေးတဲ့ ဘော်ဒါများကတော့ ဒီကောင်းလေးနဲ့
လုံးဝ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဒီ Activator ဖြင့် အောက်ပါ Windows and Office များကို
Activate လုပ်ပေးနိုင်ပါတယ်။

Windows Xp
* Home Edition SP3
* Professional SP3
* Media Center Edition 2005 SP3

Windows Vista
* Enterprise
* EnterpriseN
* Business
* BusinessN
* Starter
* Home Basic
* Home BasicN
* Home Premium
* Ultimate

Windows 7
* Enterprise
* EnterpriseN
* EnterpriseE
* Starter
* Home Basic
* Home Premium
* Professional
* ProfessionalN
* Ultimate

Windows 8
* Enterprise
* EnterpriseN
* Core
* CoreN
* CoreARM
* CoreCountrySpecIFic
* CoreSingleLanguage
* Professional
* ProfessionalWMC
* ProfessionalN

Windows 8.1 Preview
* Enterprise
* EnterpriseN
* Core
* CoreN
* CoreARM
* CoreCountrySpecIFic
* CoreSingleLanguage
* Professional
* ProfessionalWMC
* ProfessionalN

Windows 8.1 RTM
* Enterprise
* EnterpriseN
* Professional
* ProfessionalN
* ProfessionalWMC
* Core
* CoreConnected
* CoreConnectedN
* CoreConnectedSingleLanguage
* CoreConnectedCountrySpecific
* ProfessionalStudent
* ProfessionalStudentN
* CoreARM
* CoreN
* CoreSingleLanguage
* CoreCountrySpecific
* EmbeddedIndustryA
* EmbeddedIndustryE
* EmbeddedIndustry

Windows 10 TP
* Enterprise
* Professional
* Server

Windows Server 2008
* ServerDatacenter
* ServerDatacenterV
* ServerEnterprise
* ServerEnterpriseV
* ServerEnterpriseIA64
* ServerStandard
* ServerStandardV
* ServerComputeCluster
* ServerWeb

Windows Server 2008 R2
* ServerDatacenter
* ServerEnterprise
* ServerEnterpriseIA64
* ServerStandard
* ServerEmbeddedSolution
* ServerHPC
* ServerWeb

Windows Server 2012
* ServerDatacenter
* ServerStandard
* ServerMultiPointPremium
* ServerMultiPointStandard

Windows Server 2012 R2
* ServerStandardCore
* ServerStandard
* ServerDatacenterCore
* ServerDatacenter
* SolutionCore
* Solution
* ServerCloudStorageCore
* ServerCloudStorage

-Office 2013
-Office 2010
-Office 2015

 Click Here to Download Reloader Activator

OR

Click Here to Download Reloader Activator 

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

Friday, 20 March 2015

Phone or tablet များကို တစ်ချက်တည်းနှိပ်ရုံနဲ့ Root လုပ်ပေးနိုင်တဲ့ Root Genius Method

မင်္ဂလာပါ
ဒီနေ့တော့ Phone or tablet များကို တစ်ချက်တည်းနှိပ်ရုံနဲ့
Root လုပ်ပေးနိုင်တဲ့ Root Genius Method နည်းလမ်းလေးကို
အားလုံးအတွက် တင်ပေးလိုက်ပါတယ်။

ပထမတော့ ကျနော် တင်ပေးသွားဖို့ စိတ်ကူးမရှိပါ
အားလုံးလည်း သိပြီးသားဖြစ်ကြမှာပါပဲလို့
ဒီနေ့တော့ တစ်ယောက်လာမေးတယ် မဖြစ်သေးပါဘူး
ဆိုပြီးတော့ရော့ ပြီးတော့ လေ့လာခါစညီအကိုတွေအတွက်
အထောက်အကူဖြစ်အောင်ဆိုပြီး ဒီ နည်းလမ်းလည်း
အရေးပါနေတာမို့ အသေးစစ်ရှင်းပြလိုက်ပါတယ်။

ဒီ Root Tool လေးကိုအသုံးပြု မယ်ဆိုရင်တော့
Root လုပ်မရဖြစ်နေတဲ့ တော်တော်များများ
Phone or tablet များကို တစ်ချက်တည်းနှိပ်ရုံနဲ့
Root လုပ်ပေးနိုင်တဲ့ One Click Root tool ဖြစ်ပါတယ်။

တကယ်လို့ သင့်ကွန်ပျူ တာအတွက်
Phone & Table ဆိုင်ရာ USB Drivers များလိုအပ်မယ်ဆိုရင်တော့
 အောက်ကလင့်မှာ ၀င်ဒေါင်းယူလိုက်ပါ

 USB Drivers

 ၁။ ပထမဆုံး Root Tool ကို အောက်ကလင့်မှာရယူလိုက်ပါ

Root Genius Tool 

OR

Root Genius Tool 

၂။ Root Tool ကိုကွန်မှာ Right Click > Open ဖြင့်ဖွင့်လိုက်ပါ။
 အောက်ကပုံအတိုင်းမြင်နေရရင်တော့ သင်ဖုန်းနဲ့ကွန်တာချိတ်ဆက်မှု
အဆင်မပြေသေးတာပါ။
၃။  ဖုန်းနဲ့ ကွန်ပျူ တာကို ချိတ်ဆက်လိုက်ပြီးရင်
 Enable the USB debugging mode ပေးလိုက်ပါ


 မလုပ်တတ်သေးရင်တော့ အောက်ကလင့်မှာဝင်ကြည့်ပေးပါ

 Root ဖောက်နည်းများကို စတင်လေ့လာတော့မယ်ဆိုရင် ပထမဆုံးသိထားရမယ့် USB debugging on & Off ဆိုတာ  

၎။ ဖုန်းနဲ့ကွန်ပျူ တာ ချိန်ဆက်ပြီးလို့ Connected ဖြစ်လို့
Root လုပ်ရန်အသင့်အနေထားကို အောက်ကပုံလေးလိုပြနေပါလိမ့်မယ်။
Root it ဆိုတာကို နှိပ်ပေးလိုက်ပါ။ ပြီးရင် ခနလေးစောင့်နေလိုက်ပါ။
 ၅။ Root it ဆိုတာကိုနှိပ်လိုက်တာနဲ့ အောက်ကပုံအတိုင်း
မိမိဖုန်းကို Root လုပ်နေပါလိမ့်မယ်။


၆။ Root လုပ်ခြင်းကိစ္စ ပြီးရင်းသွားရင်တော့ မိမိဖုန်းကို
Root access ရရှိကြောင်း Root Successfully ဆိုပြနေပါလိမ့်မယ်။

၇။ သင့်ဖုန်းမှာ Root Access ရရှိပြီးရင်တော့
ဖုန်းမှာ SuperSu Apk လေး ရောကနေပါလိမ့်မယ်


 ၈။ အားလုံးသေရှာသွားအောင်
Root Checker လေးနဲ့ စမ်းသပ်ကြည့်ချင်သေးတယ်
ဆိုရင်တော့ အောက်ကလင့်မှာ ဒေါင်းလော့ရယူလိုက်ပါ။

Root Checker Apk (Official)

OR

Root Checker Apk (unofficial)

 တစ်ခြားသော Vroot or iRoot Tool နဲ့ ဖုန်းအမျိုးပေါင်းများစွာကို
 One Click နဲ့ Root လုပ်နည်းကို လေ့လာချင်တယ်ဆိုရင်တော့
အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ

Root ဘုရင် Vroot or iRoot Tool နဲ့ ဖုန်းအမျိုးပေါင်းများစွာကို One Click နဲ့ Root လုပ်နည်း  

ဖုန်းမှာတင် Root Apk လေးနဲ့ One Click တည်းနဲ့
Root လုပ်နည်းကို လေ့လာကြည့်ချင်တယ်ဆိုရင်တော့
အောက်ကလင့်မှာ ၀င်လေ့လာလိုက်ပါ

Phone & Tablet များကို ဖုန်းမှာတင် One Click နဲ့ အလွယ်တကူ Root လုပ်နည်း 

 Odin Method ကို အသုံးပြု ပြီး Root လုပ်နည်းကို
လေ့လာကြည့်ချင်တယ်ဆိုရင်တော့ အောက်ကလင့်မှာ
ဝင်ပြီး လေ့လာကြည့်လိုက်ပါ

Phone & Tablet များကို Odin Method ကို အသုံးပြုပြီး Root လုပ်နည်း

 အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

အားလုံးအတွက် အကောင်းဆုံးဖြစ်အောင်ကျနော် ကြိုးစားနေပါဦးမည်

ခင်မင်လေးစားလျှက်

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

Windows 8 နဲ့ Windows Server 2012 မှာ Net Framework 3.5 နဲ့ 4.0/5.0 အထက် Install မရခြင်းပြသနာကို အလွယ်တကူဖြေရှင်းနည်း

Windows 8 နဲ့ Windows Server 2012 မှာ Net Framework 3.5 နဲ့ 4.0 Install မရခြင်းပြသနာကို ဖြေရှင်းနည်း
 မင်္ဂလာပါ
ဒီပိုစ့်လေးကို ကျနော် တင်ပေးနေချင်ခဲ့တာကြာခဲ့ပါပြီ
မတင်ပေးအားတာနဲ့ တောင်းဆိုမှုတွေလည်း ပိုများလာပါတယ်။

ဟုတ်ပါတယ် သင်ဟာ ကွန်ပျူ တာဆိုင်ရာကို စတင်လေ့လာခါစဆိုရင်တော့
အရင်ဦးဆုံး မသိမဖြစ်တဲ့ အပိုင်းတစ်ခုရှိကောင်းရှိနေမှာပါ
အဲဒါကတော့ အခက်ကြီးမဟုတ်ထင်ရပေမယ့် လေ့လာခါစဆိုတော့
အမြဲတစေလို အခက်ဖြစ်နေကြရတဲ့ ပြသနာလေးတစ်ခုပါ။

အဲဒါကတော့ Windows အသစ်တင်ပြီးတာနဲ့ Net Framework ပြသနာလေးပါ
တကယ့်အရေးပါတဲ့ ကွန်ပျူ တာဆိုင်ရာ ဆော့ဝဲကြီးတစ်ခုပါ
ရိုးရိုးလေးတစ်ခု ပြောရရင်တော့ ကွန်ပျူ တာမှာ မြန်မာ-အင်္ဂလိပ် အဘိဓာန် 
(Shweyoe Dictionary v3.0)
 လေးတစ်ခုအသုံးပြု ချင်တယ်ဆိုရင် အဓိကစကားပြောလာတာက
ဒီ Net Framework ဆော့ဝဲပါ။ ကွန်ပျူ တာမှာ သူနဲ့ ပတ်သက်တဲ့
သင့်တော်ရာ ဗားရှင်းကို အင်စတော လုပ်ထားပြီးသား ရှိမနေခဲ့ရင်တော့
အဘိဓာန်ကို အင်စတော လုပ်လို့ လုံးဝအဆင်မပြေပါ။

အခုကျနော် နားလည်သလောက် ရှင်းပြပေးသွားချင်တာကတော့
Window 8 တင်ထားပြီးသား ကွန်ပျူ တာတိုင်းမှာ Net frame 3.5 နှင့် 4.0 ကို
 install လုပ်တော့မရဘူးဖြစ်နေခြင်းကို
Net framework ကို အလွယယ်တကူ ဘယ်လို အင်စတော
သွင်းယူရသလဲဆိုတာကို အသေးစစ်ရှင်းပြသွားမှာပါ...။

 တကယ်တော့ Windows Version အလိုက် Net Framework တွေဟာ တစ်ပါတည်း
 Build in ပါလာပြီးသားဖြစ်ပါတယ်။ သူ့ Operating နဲ့ကိုက်ညီတဲ့ Net Framework တွေကို
 Microsoft က တစ်ပါတည်းထည့်ပေးလိုက်ပေမယ့် အသုံးပြုရတဲ့ Software တစ်ချို့ကတော့
Net Framework ကို ဗားရှင်းအမြင့်မှ လက်ခံတတ်ပါတယ်။

 အခုကျနော်တို့ အများစု အသုံးပြု နေကြတဲ့ Windows 8 နဲ့ Windows Server 2012 တို့မှာ
 Net Framework 3.5 ရော 4.0 ပါ အဆင်သင့်ပါလာပြီးသားပါ။ ကျွန်တော်တို့ သုံးနေတဲ့
Windows က Pirate Windows ဖြစ်တဲ့အတွက် Setting တစ်ချို့ မှားနေတာလေးပါ။
Windows 8 နဲ့ Windows Server 2012 တို့မှာ Setting မှားနေတာကိုမပြင်မိ
သတိမထားရင်တော့ Net Frame Framework ထပ်ထည့်ခဲ့ရင်
 အောက်ကပုံမှာလို Error တက်နေမှာဖြစ်ပါတယ်။

 အဲဒီ Error ကို Setting ထဲမှာ ပြင်ကြည့်ရအောင်
 Winodws 8 အတွက်
 ==========================
1. ကီးဘုတ်ပေါ်ကနေ Windows Key နဲ့ X Key ကို တွဲနှိပ်လိုက်ပါ..
2. ပြီးရင် Programs and Feature ကိုရွေးလိုက်ပါ..
3. နောက်ထပ် Turn Windows Features on or off ဆိုတာကို
 ကလစ်တစ်ချက်နှိပ်လိုက်ပါ။

 (သို့တည်းမဟုတ်)
 1. ကီးဘုတ်ပေါ်ကနေ Windows Key နဲ့ R ကိုတွဲနှိပ်ပြီး Run Box ကိုခေါ်လိုက်ပါ..
2. Run Box ထဲမှာ OptionalFeatures.exe လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
 ဒါဆိုရင် Turn Windows Features on or off ဆိုတဲ့ဘောက်တစ်ခု ကျလာမှာဖြစ်ပါတယ်။
 3. အဲဒီဘောက်ထဲမှာ .Net Framework ဆိုတဲ့ Folder တွေကိုလိုက်ရှာပါ။
 .Net Framework 3.5, 4.0, 4.5 ဘာပဲရှိရှိ ... ရှိတဲ့ .Net Framework ဆိုတဲ့
 Folder တွေရဲ့ဘေးမှာ အမှန်ခြစ်တွေခြစ်ပေးလိုက်ပါ။

(တကယ်လို့များ မိမိကွန်ပျူ တာမှာ Net Framework တွေအသင့်မရှိခဲ့ရင်
 Install လုပ်ဖို့ အောက်မှာလင့်မှာ ရယူလိုက်ပါ... အဲဒီ Net Framework
 တွေမရှိရင်တော့ ပထမအစမှာဖေါ်ပြခဲ့တဲ့ Error တက်မှာမဟုတ်ပါဘူး...)
 4. Net Framework Folder တွေရဲ့ ဘေးမှာ အမှန်ခြစ်ပြီးရင်တော့ OK ကိုနှိပ်လိုက်ပြီး ကွန်ပျူတာကို Restart ချပေးလိုက်ပါ။ ဒါဆိုရင် မိမိကွန်ပျူတာထဲက Net Framework တွေ ကောင်းကောင်း အလုပ်လုပ်ပါပြီ...။ တကယ်လို့ အချို့ သော ဆော့ဝဲတွေကြောင့် ဗားရှင်းနိမ့်လို့ အမြင်ကို ထည့်သုံးချင်တယ်ဆိုရင်လည်း စိတ်ကြိုက်အင်စတော လုပ်ယူလို့ ရနေပါပြီ။
(ဒီနေရာမှာ အထူးသတိထားရမှာကတော့ Net Framework ချင်းတူတာတော့ထည့်လို့မရပါ)
 ================================

Windows Server 2012 အတွက်
====================
1. ကီးဘုတ်ပေါ်ကနေ Windows Key နဲ့ X Key ကို တွဲနှိပ်လိုက်ပါ..
2. ပြီးရင် Programs and Feature ကိုရွေးလိုက်ပါ..
3. နောက်ထပ် Turn Windows Features on or off ဆိုတာကို
ကလစ်တစ်ချက်နှိပ်လိုက်ပါ။

 (သို့တည်းမဟုတ်)
1. ကီးဘုတ်ပေါ်ကနေ Windows Key နဲ့ R ကိုတွဲနှိပ်ပြီး Run Box ကိုခေါ်လိုက်ပါ..
2. Run Box ထဲမှာ ServerManager လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
 ဒါဆိုရင် Add Roles and Features Wizard ဆိုတဲ့ဘောက်တစ်ခု ကျလာမှာဖြစ်ပါတယ်။

မိမိကွန်ပျူ တာရဲ့ Operating နဲ့ ကိုက်ညီမယ့် Net Framework များကို
အောက်ကလင့်များမှာ ဒေါင်းလော့ ရယူလိုက်ပါ။

 Net Framework 4.0 Download Here


Net Framework 4.5 Download Here  

တစ်ခြားသော Net Framework Version တွေကိုတော့
Official ရဲ့ဆိုက်မှာ စိတ်ကြို က်ရှာဖွေဒေါင်းလော့ရယူနိုင်ပါတယ်။

အပေါ်ကနည်းလမ်းအတိုင်း သိပ်အဆင်မပြေသေးဘူးဆိုရင်တော့ 
နောက်နေ့ ကျနော် Net Framework Version တွေကို ကွန်ပျူ တာမှာ
Online & Offline တို့ဖြင့် အင်စတောလုပ်နည်းတွေကို ပုံလေးတွေနဲတကွ
အသေးစစ်ရှင်းပြသွားမှာဖြစ်ပါတယ်။

Ref=www.maungpauk.org

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

AutoCAD 2014, 2015 Latest version (86x64) With Keygen (မြန်မာလိုစာအုပ် အပါအ၀င်)

AutoCAD 2014, 2015 Latest version (86x64) With Keygen
 (မြန်မာလိုစာအုပ် အပါအ၀င်)
မင်္ဂလာပါ
AutoCAD ကို တစ်ကဒ်တည်း တောင်းဆိုနေကြတဲ့
ဘော်ဒါတွေအတွက် တစ်နေကုန်အပင်ပန်းခံ ရှာပြီး
အားလုံးအတွက် တင်ပေးလိုက်ပါတယ်။

တော်တော်ရှာရခက်တဲ့ ဆော့ဝဲပဲဗျာ တကယ်တစ်နေကုန်တယ်
ဒေါင်းလော့လင့်တွေ အဆင်ပြေအောင်လို့ တင်ပေးဖို့ကိုကမလွယ်တာ
ရလာတော့လည်း တန်လိုက်ထာပေါ့ဗျာ....

2014 ဗားရှင်းတွေကတော့ ရှိတယ်၊ 2015 အတွက်ကတော့
ရှားပါးနေသေးတယ်၊ IOS ဖိုင်ကိုတင်ပေးလိုက်ရင်လည်း
မလုပ်တတ်မှာစိုးလို့၊ ပြီးရင် Size ကလည်း တော်တော်ကြီးတယ်။
တော်ရုံအင်တာနက် ဆွဲအားနဲ့တော့ မလွယ်လောက်ဖူး
ကျနော် ဒေါင်းလော့ရယူကြည့်ပါသေးတယ် 1 GB လောက်ရှိတယ်ဆိုတော့
အင်တာနက်ကော်နယ်ရှင်ကို အားနာတာနဲ့ ဒေါင်းလော့မယူရဲတောဖူး

ကဲဗျာ ဘာပဲဖြစ်ဖြစ် အခက်အခဲဆိုတာကတော့ ရှိနေကြမှာပဲ
ဒါပေမယ့် မဖြစ် ဖြစ်အောင်လုပ်ဖို့ စိတ်ကူးရှိနေသေးသ၍
အဆင်ပြေအောင်တော့ ကြိုးစားကြတော့ဗျာ

စကားမစပ်ဗျာ ဒီ AutoCAD ကို အခြေခံမှ အဆင့်မြင့်အထိ လေ့လာ
လိုသူများအတွက် ဆရာ အောင်ဇော်လတ် ရေးသားပြု စုထားတဲ့
AutoCAD2010 အသုံးပြု နည်းမြန်မာလို စာအုပ်ကိုပါ တစ်ပါတည်း
တွဲတင်ပေးလိုက်ပါတယ်။

ဒီစာအုပ်လေးနဲ့ ပတ်သက်လို့ ဆရာ အောင်ဇော်လတ် က
 AutoCAD စာအုပ်လေးထဲမှာ AutoCAD Software ကိုတီထွင်သည့်
Autodesk ကုမ္ပဏီက AutoCAD စာအုပ်ကို သင်တန်းကျောင်း
လက်စွဲအသုံးပြု ရန်အနေဖြင့်သာ Exam Guide vo-1 နှင့် vol-2 ဟု
စာအုပ်နှစ်အုပ် ထုပ်ဝေခဲ့သဖြင့်လည်း ရှားပါးလှသည့် စာအုပ်လေး ဖြစ်ပါသည်။

မူလ စာအုပ်အတိုင်း E-book ၌ အပိုင်း ၂ ပိုင်းပါဝင်လာမည်ဖြစ်သလို
ပူးတွဲပါလာသည့် Workfiles များနဲ့ ပေါင်းစပ်လေ့လာပါမှ ပိုမိုပြည့်စုံသည့်
အဆင့်သို့ ရောက်ရှိလာမည်ဖြစ်ပြီး Audodesk မှ ကြီးမှူးစစ်ဆေးသည့်
စာမေးပွဲသာမက ICDL CAD စာမေးပွဲများကိုပါ ၀င်ရောက်ဖြေဆိုနိုင်ရန်
 အထောက်အကူ ပြုပေးမှာဖြစ်ပါသည်။

အသက်မွေးဝမ်းကြောင်း အတတ်ပညာတစ်ခုအဖြစ် AutoCAD နဲ့ ဆက်စပ်သော
နယ်ပယ်တွင် တက်စုံရွက်စုံဖြင့် မိမိတို့၏ အနာဂတ်ကို ကိုယ်တိုင် စိတ်တိုင်းကျ
ဖန်တီးနိုင်အောင် အသေစစ်ရှင်းပြထားတဲ့ စပါယ်ရှယ် စာအုပ်ကောင်းလေး
ဖြစ်တဲ့အကြောင်းနဲ့ ဆုမွန်ကောင်းလည်း တောာင်းပေးထားပါတယ်ခင်ဗျာ...

ကျနော်ကတော့ ဒီ AutoCAD ဆော့ဝဲကို 2014 ကိုရော့ 2015 ကိုပါ
တစ်နေရတည်း ဒေါင်းလော့ရယူနိုင်အောင် တင်ပေးလိုက်ပါတယ်။

ဒေါင်းလော့ရယူဖို့ရန် IDM နဲ့ကပိုအဆင်ပြေပါလိမ့်ယ်
အောက်ကလင့်မှာ ဒေါင်းလော့ရယူလိုက်ပါ

နောက်ဆုံးထွက် IDM ကို ရယူပါ

အသုံးပြု နည်း မြန်မာလိုစာအုပ် AutoCAD 2015 ကို
အောက်ကလင့်မှာဒေါင်းလော့ရယူလိုက်ပါ

AutoCAD 2010 အသုံးပြုနည်း (မြန်မာလို)

ကဲဒီတစ်ခါ AutoCAD ဆော့ဝဲကြီးကို ကွန်ပျူ တာမှာ
အမြဲတမ်းအသုံးပြုလို့ရအောင် Full Version အဖြစ်အင်စတော
လုပ်နည်းကို အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ

Installation Guide
============
၁။ ဆော့ဝဲကို အင်စတောမလုပ်မှီ အင်တာနက်ကို ပိတ်ထားပါ
 ဒေါင်းလော့ရလာတဲ့ AutoCAD 86x64 setup ဖိုင်ကို
Run as administer ဖြင့် အင်စတော့လုပ်ပါ။
 ၂။ အောက်ကပုံအတိုင်းပြနေခဲ့ရင်တော့ Install ဆိုတာကိုနှိပ်ပါ။
၃။ အောက်ကပုံအတိုင်းပြနေခဲ့ရင်တော့ License and Services Agreement 
တောင်းနေတာဖြစ်ပါတယ် အနီရောင်လေးနဲ့ဝိုင်းပြထားတဲ့ ပထမနေရာမှာ
မိမိနေတဲ့ နိုင်ငံကိုရွေးပေးလိုက်ပါ၊ ပြီးရင် i Accept ဆိုတဲ့နေရာမှာ အမှန်ခြစ်ပေးပါ။
ပြီးရင် Next ကိုနှိပ်လိုက်ပါ။ 
၎။ Next ကိုနှိပ်ပြီးလို့ အောက်ကပုံအတိုင်းပေါ်လာတဲ့အခါ
အနီရောင်လေးနဲ့ဝိုင်းပြထားတဲ့နေရာမှ Product Information ရဲ့အောက်
I have my product information ကိုအမှန်ခြစ်ပေးပါ၊

Serial Number နေရာမှာ
1. 666-69696969 2. 667-98989898
  3. 400-45454545 4. 066-66666666 
အပေါ်မှ လေးခုမှ တစ်ခုခုကို Copy ကူးထည့်ပေးပါ။

Product Key နေရာမှာ
 001G1 ဆိုတာကိုထည့်ပေးပါ။
အားလုံး အဆင်ပြေပြီဆိုရင်တော့ Next ကိုထပ်နှိပ်ပေးလိုက်ပါ။

အပေါ်က Product Key သည် AutoCAD အတွက်သာသီးသန့်ဖြစ်ပါသည်
တစ်ခြားသော Edition ဆော့ဝဲတွေအတွက်တော့ Official ကတိုက်ရိုက်ချပေးထားတဲ့
Product Key များကို သူ့ဆော့ဝဲနဲ့ သူ့ကီးကိုအမှန်ထည့်ပေးရမှာဖြစ်ပါတယ်။
 တစ်ခြားသော ထုတ်ကုန်ဆော့ဝဲဗားရှင်းတွေအတွက် အောက်ကလင့်မှာ ရယူလိုက်ပါ။

Product keys for Autodesk products (Official)
၅။ Next ကိုနှိပ်လိုက်ပြီးလို့ အောက်ကပုံအတိုင်းမြင်နေရရင်တော့
အနီရောင်လေးနဲ့ ၀ိုင်းပြထားတဲ့နေရာတွေကို အသေချာကြည့်ပါ
အားလုံးအဆင်ပြေတယ်ဆိုရင်တော့ Install ဆိုတာကို နှိပ်လိုက်ပါ။
၆။အောက်ကပုံအတိုင်းမြင်နေရရင်တော့ ကီးထည့်ပြီးလို့ အောင်မြင်
ကြောင်းပြနေတာဖြစ်ပါတယ် Finish ကိုနှိပ်လိုက်ပါ။
၇။ အဆင့်တွေကျော်လာခဲ့လို့အောက်ကပုံအတိုင်း Activate လုပ်ခိုင်းပါလိမ့်မယ်
Activate လုပ်ရန် Activate ဆိုတာကိုနှိပ်ပေးလိုက်ပါ။
၈။အသေအချာလုပ်ပါ ကျနော် အနီရောင်လေးနဲ့ဝိုင်းပြထား
တဲ့နေရာတွေမှာ အမှန်ခြစ်လေးတွေ မှန်ပလေ့စေ ပြီးရင် Next ကိုနှိပ်လိုက်ပါ။
၉။ အောက်ပုံအတိုင်း ပေါ်လာရင်တေ့ အနီရောင်လေးနဲ့
ဝိုင်းပြထားတဲ့ I have an activation code from Autodesk ကို
အမှန်ခြစ်ပေးထားပါ။ နံပါတ်စဉ်တွေပေါ်နေတဲ့ နေရာတွေမှာ Activation Code
 တွေထည့်ပေးရဦးမှာမို့ ဒီနေရာမှာ next ကို လုံးဝမနှိပ်ပါနဲ့ဦး။ ဒီအတိုင်း
ခနရပ်ဆိုင့်ထားပေးပါ။
 ၁၀။ ဒီတစ်ခါ Keygen ဖိုင်ကို အင်စတောလုပ်ရပါမယ်
သူ့အထဲမှ Activation Code ကို ကူးယူရမှာမို့ ကျနော်တင်ပေးထားတဲ့
Crack ဖိုင်ထဲမှာ မိမိကွန်ပျူ တာနဲ့ ကိုက်ညီမယ့် Keygen ကို
 အင်စတောလုပ်ရမှာဖြစ်ပါတယ်။

ကွန်ပျူ တာက 32Bit OS ဆိုရင်တေ့ 23 keygen ဖိုင်ကို အင်စတောလုပ်ပါ
ထို့အတူပဲ 64 bit OS ဆိုရင်လည်း 64 Keygen ဖိုင်အင်စတော လုပ်လိုက်ပါ။
၁၁။ အင်စတောလုပ်ပြီးလို့ အပေါ်ကပုံအတိုင်းမြင်နေရတဲ့အခါမှာတော့
 ကျ နော်အနီရောင်လေးနဲ့ဝိုင်းပြထားတဲ့ Paste Request here ဆိုတဲ့နေရာမှာ
Request Code ကိုထည့်ပေးရမှာဖြစ်လို့ စောနားက ကျနော်တို့
နံပါတ် ၉ မှာ တွေ့ခဲ့တဲ့ Product License Activation Option နေရာမှာ
 Request Code ဆိုတာပါတယ်။ အဲဒီ Request Code ကို Copy ယူပြီး
 ဖွင့်ထားတဲ့ Keygen ဖိုင်ရဲ့ Paste Request here ဆိုတဲ့နေရာမှာ
Paste လုပ် (ထည့်) လိုက်ပါ။ ပြီးရင် Patch ဆိုတာကိုနှိပ်ပေးလိုက်ပါ။
၁၂။ Patch ဆိုတာကိုနှိပ်လိုက်တာနဲ့ အောင်မြင်ကြောင်း
အောက်ကပုံအတိုင်းပြနေပါလိမ့်မယ်။
၁၃။ Patch ကိုနှပ်လို့ Successfully patched လို့အောင်မြင်ပြီးတာနဲ့
အောက်ကပုံအတိုင်း Generate ဆိုတာကို ထပ်နှိပ်ပေးလိုက်ပါ။
၁၄။ ကဲအဆင့်တွေလည်း အောင်မြင်စွာကျော်ဖြတ်ခဲ့ပြီးဖြစ်လို့
အခုဆိုရင် Generate ကိုနှိပ်ပြီး Activation serial Key ကိုလည်း ရယူထား
ပြီးဆိုတော့  အောက်ကပုံအတိုင်းသာ Serial Key ကိုကူးယူးပြီး အခန်းနံပါတ်
၉ နေရာမှာ လိုအပ်နေတဲ့ I have an activation code from Autodesk
ဆိုတဲ့နေရာမှာ အောက်ကပုံလေးအတိုင်း ပျော်ပျော်ကြီး ထည့်ပေးလိုက်ပါ။
အားလုံးထည့်ပြီးသွားရင်တော့ Next ကိုနှိပ်ပါ။

၁၅။ ကဲဗျာ နောက်ဆုံးအဆင့်ဆိုမှတော့ အားလုံးသိပြီးသား
အတိုင်း Finish ကိုသာ နှိပ်ပေးလိုက်ပါတော့။

Features of AutoCAD 2015
=================
Below are detailed features which you’ll experience after AutoCAD 2015
    Optimized Command Line options.
    Preview of Property Pages.
    Documentation Tools and Content Explorer.
    Duplication object deletion.
    Parametic Design with Slash revision.
    Object and Layer Transparency.
    Annotation Scaling.
    New Feature is Live Maps.
    Improved Reality Capture.
    SketchBook Designer.
    Surface Analysis.
    Viewport Controls.
    Editable UCS Icons.
    Autodesk 360 Connectivity.
    More features can be experienced after AutoCAD 2015

System Requirements For AutoCAD 2015
=======================
Before you start AutoCAD 2015 , make sure your PC
 meets minimum system requirements.
    Operating System: Windows 8.1 / Win 8 / Win 7 / Vista / XP
    Memory (RAM): Minimum 2 GB
    Hard Disk: 10 GB Space
    Processor: Intel Core 2 Duo

AutoCAD 2014 32 Bit

Download Here

AutoCAD 2014 64 Bit

Download Here


AutoCAD 2014 keygen (Only) 

OR

AutoCAD 2014 keygen (Only) 


AutoCAD 2015 ISO 64 Bit

Download Here

ISO ဖိုင်ဖြစ်လို့ အခွေအဖြစ် Burn ယူပြီး
အင်စတင်လုပ်ကာ အသုံးပြု နိုင်မှာဖြစ်ပါတယ်။

AutoCAD 2015 ISO 32 Bit ကိုတော့
ရှာမရသေးဘူးဗျာ အွန်လိုင်းတစ်ခွင်လည်း
တင်ပေးတဲ့သူတွေနည်းတော့ လိုက်ရှာတာ မောတယ်
နောက်များ ကြုံ ကြို က်ရင် တင်ပေးပါ့မယ်ဗျာ...

AutoCAD 2015 Crack ဖိုင်တော့ ရှိတယ်
အင်စတောလုပ်နည်းကတော့ 2014 နဲ့တူပါတယ်
အသုံးလိုတယ်ဆိုရင်တော့ ဒေါင်းလော့ရယူထားလိုက်ပါ


AutoCAD 2015 Crack (Only)

OR

AutoCAD 2015 Crack (Only)


 AutoCAD 2010 အသုံးပြုနည်းကို မြန်မာလို
ပြန်ဆိုပေးထားတဲ့ ဆရာ အောင်ဇော်လတ် ကို
ကျနော် ဒီနေရာကနေ အလေးအမြတ် ဂါရ၀ပြုပါတယ်ဆရာ
 
အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

iTunes ဗားရှင်းအားလုံးကို ကွန်ပျူ တာမှာ အလွယ်တကူ အင်စတောလုပ်နည်း

 မင်္ဂလာပါ
ဟိုတလောက ဘော်ဒါတစ်ယောက်
ကျနော်ဆီရောက်လာတယ် သူ့ iPad ထဲမှာ စာအုပ်တွေမရှိလို့
အဲဒါ ဘယ်လိုထည့်ရသလဲဆိုပြီး လာမေးပါတယ်။

ကျနော်က စာအုပ်တွေ၊ သီချင်းတွေ၊ ဗွီဒီယိုတွေကအစ၊
နောက်ဆုံး iPad တစ်ခုလုံးကို backup & Restore လုပ်နိုင်တဲ့
အပြင် iPad's Version ကိုပါ အလွယ်တကူ မြှင့်ယူနိုင်တဲ့
iTunes ဆော့ဝဲကို ကွန်ပျူ တာမှာ အင်စတောလုပ်ပြီး
ကိုယ့်ဖာသာ ကလစ်ကြည့်လိုက်လည်း ဆိုရော့

ကျနော် အဲဒီဟာကို ကွန်ပျူ တာမှာ အင်စတောမလုပ်တတ်ပါ
ဘူးတဲ့ နောက်အတူဆုံရင်တော့ လုပ်ပေးပါဦးနော်တဲ့....

အရမ်းလွယ်ပါတယ် အောက်မှာ ကျနော်ပုံလေးတွေနဲ့
ပြပေးထားပါတယ်၊ ကျနော် ဒီ iTunes ဆော့ဝဲကို အခုလို
အင်စတောလုပ်နည်းကို ပြပေးလိုက်ခြင်းသည် အကြောင်းရှိနေလို့ပါ
အဲဒါကတော့ နောက်ပိုင်း iOS Device များနဲ့ပတ်သက်လို့
iOS User တွေအတွက် အသုံးတည့်မယ့် မသိမဖြစ်တဲ့ ပိုစ့်များကို
တင်ပေးသွားဖို့ အစီအစဉ်တွေရှိပါတယ်။ အဲဒါကြောင့် ဒီဆော့ဝဲကို
အရင်ဦးဆုံး အင်စတောလုပ်ထားကြစေလိုပါတယ်ခင်ဗျား...

 မိမိကွန်ပျူ တာမှာသာ ဒီဆော့ဝဲကို အင်စတောလုပ်ပြီးရင်တော့
iOS Device များစိတ်ကြိုက်ကလစ်နိုင်မှာဖြစ်လို့ အင်စတောမလုပ်တတ်
သေးတဲ့ ညီအကိုများကတော့ အောက်ကပုံလေးတွေအတွက်
ကြည့်ပြီး အင်စတောပြု လုပ်လိုက်ကြပါ။

What is iTunes
============
 iTunes is the best way to organize and enjoy the music, movies, and TV shows you already have — and shop for the ones you want to get. You can even listen to free streaming radio stations with iTunes Radio. iTunes works on Mac, PC, iPad, iPhone, iPod touch, and Apple TV

၁။ ပမဦးဆုံး iTunes ဆော့ဝဲ 32/64 bit များကို Official ဆိုက်မှ
နောက်ဆုံးထွက် ဗားရှင်းကို ဒေါင်းလော့ရယူလိုက်ပါ

Download Here Official

Official Web ကနေဒေါင်းလော့ရယူနည်း
================
Download ဆိုတာကို နှိပ်ပြီးလို့ Official ထဲကိုရောက်ပြီးတဲ့အခါ
မိမိကွန်ပျူ တာရဲ့ OS Info အရ 32/64 bit ကိုဒေါင်းလော့ရယူမှာ ဖြစ်ပါတယ်။
အောက်ကပုံလေးအတိုင်း Email Address နေရာမှာ မိမိရဲ့ Gmail ကိုထည့်ပေးပါ။
 ပြီးရင် Location နေရာမှာ မိမိနေတဲ့ နိုင်ငံကို ရွေးပေးလိုက်ပါ။
အားလုံးပြီးရင်တော့ Download Now ဆိုတာကိုနှိပ်ပေးလိုက်ပါ။

iTunes Download Unofficial 32/64 Bit
====================
Download Here 32 Bit 

OR

 Download Here 32 Bit


Download Here 64 Bit 

၂။ ဒေါင်းလော့ရလာတဲ့ Zip ဖိုင်ကို Right Click တစ်ချက်ထောက်ပြီး
Extract File ဖြင့်ဖြေလိုက်ပါ။

၃။ iTunes Setup ဖိုင်ကို Right Click တစ်ထောက်ပြီး Run as administer ဖြင့်
အင်စတောလုပ်ပါ။ ဒီနေရာမှာတော့ မိမိ ကွန်ပျူ တာက 32 bit OS ဆိုရင်တော့
32 bit iTunes setup ဖိုင်ကို အင်စတောလုပ်ရမှာဖြစ်သလို 64 bit ဆိုလည်း
ဒီအတိုင်း အင်စတောလုပ်ရမှာဖြစ်ပါတယ်။ အင်စတော စတင်လုပ်ပြီးလို့
အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့ Next ကိုနှိပ်လိုက်ပါ။
၎။ အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့ install ဆိုတာကို
နှိပ်ပါ အနီရောင်လေးနဲ့ဝိုင်းပြထားပါတယ်။
၅။ install ကိုနှိပ်ပြီးလို့ အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့
ခနလေးစောင့်နေလိုက်ပါ ဘာမှလုပ်ပေးစရာမလိုသေးပါ
သူ့အထဲမှာ ပါလာတဲ့ Function တွေကို တစ်ခုပြီးတစ်ခု
အင်စတောလုပ်နေပါလိမ့်မယ် ခနစောင့်ပေးလိုက်ပါ။
၆။ အားလုံးပြီးလို့ အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့
Finish ကိုနှိပ်လိုက်ပါ။ Open iTunes after the installer exits
ဆိုတဲ့နေရာမှာ အမှန်ခြစ်ဖြု တ်လိုက ဖြု တ်ပေးလိုက်ပြီး
 Finish ကိုနှိပ်ပေးလိုက်ပါ။
အားလုံးပြီးရင်တော့ iOS Device ကို စိတ်ကြို က်ကလစ်
နိုင်မယ့် iTunes ကို သင့်ကွန်ပျူ တာမှာ ပိုင်ဆိုင်သွားပါပြီ။

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

Wednesday, 18 March 2015

ကွန်ပျူ တာအတွက် Win Fonts များနဲ့ မြန်မာဖောင့်များကို ရယူနိုင်ပါပြီ

မင်္ဂလာပါ
ကွန်ပျူ တာဆိုင်ရာ မြန်မာဖောင့်များနဲပတ်သက်လို့
အစ်ကိုဆိုက်မှာ တင်ပေးထားတာမတွေမိဘူး
ထပ်တင်ပေးပါဦးဆိုလို့ အားလုံးလည်း
အဆင်ပြေသွားအောင်တင်ပေးလိုက်ပါတယ်။

တစ်ခုချင်းခွဲပြီး မတင်ပေးတော့ပါ မြန်မာဖောင့်များကို
ရနိုင်သလောက်စုပေါင်းပြီး Zip ဖိုင်တစ်ခုတည်းအဖြစ်
တင်ပေးထားပါတယ်၊

ဒေါင်းလာ့ Zip ဖိုင်ထဲမှာ မြန်မာဖောင့်အစုံပါဝင်ပါတယ်
Adobe Page maker အတွက်ပဲဖြစ်ဖြစ် Photoshop
အတွက်ပဲ ဖြစ်ဖြစ် ကွန်ပျူ တာအတွက် လိုအပ်နေတဲ့
မြန်မာဖောင့်အစုံအားလုံးကို အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။

အောက်ကလင့်မှာ ဒေါင်းလော့ရယူနိုင်ပါပြီ။

  Click Here to Download Myanmar Fonts Collection

OR

Click Here to Download Myanmar Fonts Collection 

 OR

 Click Here to Download Myanmar Fonts Collection

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

Tuesday, 17 March 2015

Microsoft Office ProPlus 2013 SP1 VL (x64/x86) Eng-US Nov2014


Microsoft Office ProPlus 2013 SP1 VL (x64/x86) Eng-US Nov2014

အရင်ကလည်း တင်ပေးဖူးပါတယ်..
Download Link တွေ အဆင်မပြေလို့
 ထက်တင်ပေးအုန်းတောင်းဆိုထားကြလို့ အပိုင်းမခွဲပဲ
googledrive ကနေ တင်ပေးလိုက်ပါတယ်..
ကိုယ်စက်နဲ့ ကိုက်တာကို ရွေးပြီး ဒေါင်းယူနိုင်ပါတယ်..
microsoft office 2013 Activate လုပ်ဖို့
office 2013 and All in 1 Activator လေးထည့်ပေးထားပါတယ်..
အဲဒီအတွက် အသုံးပြုနည်းလေးပါ..တခါတည်း ရေးပေးလိုက်ပါတယ်..
ကျနော့်ပေးလိုက်တဲ့ office 2013 and All in 1 Activator လေးက office 2010- 2013 တင်မက
Windows 8.1 windows 8 -7 တို့ကိုပါ Activatedလုပ်ပေးနိုင်ပါတယ်..
microsoft office 2013 ကို install လုပ်ပြီးရင် ဒီကောင်လေးကို ဖွင့်လိုက်ပါ..
ကျလာတဲ့ windows ထဲမှာ ကိုယ်Activate လုပ်ချင်တာကို
1 / 2 /3 ထဲကနေ ကြည့်ပြီး ရိုက်ပေးလိုက်ပါ..
office အတွက်ဆိုရင်.2 ကို ရိုက်ပြီ။ Enter ခေါက်လိုက်ပါ။
((တကယ်လို့ 2 နဲ့အဆင်မပြေရင် 3 ကို ရိုက်ထည့်ပါ))
ခဏတော့ စောင့်ရပါတယ်..
Product Activated Sucessfully စာပေါ်လာရင်
မိမိရဲ့ microsoft office 2013 က Avtivated ဖြစ်ပါပြီ။
ဒီလောက်ဆို အားလုံး လုပ်တတ်လိမ့်မယ်လို့ ထင်ပါတယ်။
ပြီးရင် Q ကိုရိုက်ပြီး ထွက်လိုက်ပါ..
microsoft office 2013 ဟာ Activated ဖြစ်သွားတာ တွေ့ရပါမယ်..။
အဆင်ပြေမယ် မျှော်လင့်ပါတယ်..
 မိုက်ခရိုဆော့ Office ProPlus 2013 SP1 VL (x64/x86) Eng-US Nov2014 ကို
အောက်မှာဒေါင်းယူနိုင်ပါတယ်...








Wondershare DVD Slideshow Builder Deluxe 6.2


Wondershare DVD Slideshow Builder Deluxe 6.2

သီချင်းတွေနဲ့ ကိုယ်ရဲ့ ဓါတ်ပုံလေးတွေကို သက်ဝင်လာအောင်
 ဖန်တီးပေးမဲ့ software လေးပါ..။
 နောက်ဆုံးထွက်လေး တွေလို့ တင်လိုက်ပါတယ်..
 DVD Slideshow လုပ်တဲ့ software တွေထဲမှာတော့
 အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်..။
Crack ဖိုင်လေးနဲ့ full version ဖြစ်အောင်လုပ်နိုင်ပါတယ်...
အောက်မှာ Full versio ဖြစ်အောင် install လုပ်ထားတဲ့
video ဖိုင်လေးတင်ပေးထားပါတယ်..
Wondershare DVD Slideshow Builder Deluxe 6.2 ကို
 အောက်က အဆင်ပြေတဲ့ နေရာကနေ ဒေါင်းယူနိုင်ပါတယ်..


mediafire

http://www.mediafire.com/download/h1n37rpiv140cch/Wondershare+DVD+Slideshow+Builder+Deluxe+6.2.0.0-P2P.rar


zippy
http://www41.zippyshare.com/v/58906866/file.html


ကျေးဇူးတင်ပါတယ်  
ချမ်းငြိမ်း-မှော်ဝန်း  
http://channyein1.blogspot.com/

Full versio ဖြစ်အောင် install လုပ်ထားတဲ့
video ဖိုင်လေးကို အောက်မှာ ကြည့်ပါ..



Internet Download Manager 6.23build 6


Internet Download Manager 6.23build 6

  12-3-2015 မှာ update ထွက်တဲ့ version လေးပါ..

လူတချို့အတွက် အရမ်းလွယ်ပြီး လူတချို့အတွက် အရမ်းခက်နေတဲ့
အရာတခုကို ပြပါဆိုရင် ကျနော်ကတော့ IDM Full version
 ဖြစ်အောင်လုပ်နည်းပဲ ပြရမယ်ထင်ပါတယ်..
ဒီအတွက် IDM ကို Full version ဖြစ်အောင် ဘယ်လိုလုပ်ရတယ်ဆိုတာ
Video ဖိုင်လေးနဲ့ တင်ပြထားပါတယ်.. video ဖိုင်ထဲကအတိုင်း ကြိုးစားပြီး လုပ်ကြည့်ကြပါ..
( ၁ ) အရင်ဆုံး နောက်ဆုံးထွက် IDM ကို ဒေါင်းပြီးရင်
စက်ထဲမှာ ရှိနေတဲ့ IDM version အဟောင်းကို uninstall လုပ်ပါ..
( ၂ )  အခုဒေါင်းထားတဲ့အထဲက Setup ကိုဖွင့်ပြီး IDM ကို install လုပ်ပါ..
( ၃ ) Crack ဖိုင်ကို ဖွင့်ပြီး copy လုပ်ပြီး
C:\Program Files (x86)\Internet Download Manager or
    C:\Program Files\Internet Download Manager) ထဲမှာ Paste လုပ်ပေးပါ.. 
( ၄ ) Reg Key ဖိုင်ကို ဖွင့်ပြီး  x32 နှင့်  x64 နှစ်ခုထဲက ကိုယ့်စက်နှင့်
 ကိုက်တာ ကို ရွေးပြီး ကလစ် ၂ ချက်ဆက်နှိပ်ပြီး ok ကိုရွေးပေးပါ.
ဒါဆိုရင် IDM Fullversion ဖြစ်ပါပြီ....
အောက်မှာလည်း Video ဖိုင်လေးနှင့် ရှင်းပြထားပါသေးတယ်.
အောက်မှာ Internet Download Manager 6.23 build 6 ကို  
 အဆင်ပြေတဲ့ နေရာကနေ ဒေါင်းယူနိုင်ပါတယ် 

mediafire 
Download


zippy
Download



ကျေးဇူးတင်ပါတယ်
ချမ်းငြိမ်း-မှော်ဝန်း
http://channyein1.blogspot.com/

video ဖိုင်ကို အောက်မှာ ကြည့်ပါ..