HTC One M8 4.16.401.10 Stock Lollipop RUU တင်နည်း
Posted by ဇူးနစ် on 07:19 with No comments
မင်္ဂလာပါ
HTC One M8 4.16.401.10 Stock Lollipop RUU အား
အားလုံးအတွက် တင်ပေးလိုက်ပါတယ်။
Firmware တင်နည်းကတော့ SPF-Flash-Tool ဖြင့် Fastboot Mode ကနေ
တင်ယူရမှာ ဖြစ်တဲ့အတွက် အခုမှလေ့လာခါစ ညီအကိုတွေအတွက်
နည်းနည်းလောက် စိမ်းနေဦးမယ်ထင်ပါတယ် ဒါပေမယ့် ကျနော် နောက်ပိုင်း
Flash Tool ကိုအသုံးပြု နည်းအပြည့်အစုံကို တင်ပေးသွားဖို့ရှိပါတယ်။
အခုတော့ Flash Tool ဖြင့် မတင်တတ်သေးရင်လည်း
Firmware လေးတော့အရင် ရယူထားဦးပေါ့၊
Firmware ကို Update မလုပ်မှီ ပထမဆုံး
မိမိဖုန်းရဲ့ Data များအားလုံးကို Backup လုပ်ထားသင့်ပါတယ်
ဖုန်းရဲ့ Data များနဲ့ App များကို Backup လုပ်နည်းကို ကျနော်
ဟိုတလောက ဖုန်းမှာတင် လုပ်နည်းနဲ့ ကွန်ပျူ တာကနေလုပ်ယူ
နည်းများကို အသေးစစ်ရှင်းပြပေးခဲ့ပါပြီ။
ဖုန်းမှာတင် Backup apk များကို အသုံးပြု ပြီး
Backup အလွယ်တကူ လုပ်ယူနည်းကို အောက်လင့်မှာ ၀င်ဖတ်ပေးပါ။
ဖုန်း System တစ်ခုလုံးကို Backu and Restore ဆိုင်ရာ ဖုန်းမှာတင် အလွယ်တကူ လုပ်ယူနည်းအပြည့်အစုံ
ဖုန်းရဲ့ Data များနဲ့ App များကို ကွန်ပျူ တာကနေ
Backup Tool များကို အသုံးပြု ပြီး အလွယ်တကူ Backup လုပ်
ယူနည်းကိုတော့ အောက်ကလင့်မှာ လေ့လာကြည့်လိုက်ပါ
ဖုန်း System တစ်ခုလုံးကို Backup & Restore လုပ်ဖို့ရန်အကောင်းဆုံး ဆော့ဝဲများနဲ့ အသုံးပြုနည်း အပြည့်အစုံ
Device: HTC One M8
Android 5.0.1 Lollipop RUU For HTC One M8 v4.16.401.10
Installation Guide
==========
၁။ ဒေါင်းလော့ရလာတဲ့ Firmware Zip ကိုမဖြေပဲ တစ်နေရာရာမှာ
သိမ်းဆည်းထားလိုက်ပါ။
၂။ ကွန်ပျူ တာအတွက် Driver ကိုအောက်ကလင့်မှာရယူပါ
ပြီးရင် ကွန်ပျူ တာမှာ အင်စတောလုပ်ပါ။
HTC Phone Driver For Windows
၃။ ADB & Fastboot ကိုတော့ အောက်ကလင့်မှာရယူပါ
Stock Rom နဲ့ Custom Rom များ အလွယ်တကူ တင်ပေးနိုင်တဲ့ Flash Tool ဗားရှင်းလုံးအားကို တစ်နေရာတည်းရယူနိုင်ပါပြီ
၎။ စောနားကဒေါင်းလော့ရယူထားတဲ့ Firmware ဖိုင်နဲ့ ADB & Fastboot တို့ကို
Folder တစ်ခုတည်းမှာ “L50RUU.zip” ဆိုပြီး နာမည်ပြောင်းထားပေးပါ။
၅။ လိုအပ်တာတွေကို ဒေါင်းလော့ရယူပြီးရင်တော့ ဖုန်းကို Reboot ချလိုက်ပါ၊
ပြီးရင် Fastboot Mode ၀င်ရမှာဖြစ်တဲ့အတွက် volume down+power button တွေကို
တစ်ပြို င်တည်းတွဲနှိပ်ထားလိုက်ပါ အနည်းဆုံး ၆-၇ စက္ကန့်လောက်ကြာပြီးလို့
အောက်ကပုံအတိုင်း ပေါ်လာခဲ့ရင်လွှတ်လိုက်ပါ။
၆။ ဖုန်းနဲ့ကွန်ပျူ တာကိုချိတ်ဆက်လိုက်ပါ၊ Fastboot folder ကိုသွားပါ

HTC One M8 4.16.401.10 Stock Lollipop RUU
=======================
Device: HTC One M8
MID: 0P6B10000
Android: v5.0.1 Lollipop
Version: 4.16.401.10
Previous Build: 3.28.401.9
Status: Official
Type: Stock RUU (Signed) Zip
Region: Europe
Branding: WWE
Date: 27-01-2015
MD5 Hash: 4e03845aeab375746b4553e610047680
RUU Size: ~1.5 GB
Android 5.0.1 Lollipop RUU For HTC One M8 v4.16.401.10
ORAndroid 5.0.1 Lollipop RUU For HTC One M8 v4.16.401.10
Installation Guide
==========
၁။ ဒေါင်းလော့ရလာတဲ့ Firmware Zip ကိုမဖြေပဲ တစ်နေရာရာမှာ
သိမ်းဆည်းထားလိုက်ပါ။
၂။ ကွန်ပျူ တာအတွက် Driver ကိုအောက်ကလင့်မှာရယူပါ
ပြီးရင် ကွန်ပျူ တာမှာ အင်စတောလုပ်ပါ။
HTC Phone Driver For Windows
၃။ ADB & Fastboot ကိုတော့ အောက်ကလင့်မှာရယူပါ
Stock Rom နဲ့ Custom Rom များ အလွယ်တကူ တင်ပေးနိုင်တဲ့ Flash Tool ဗားရှင်းလုံးအားကို တစ်နေရာတည်းရယူနိုင်ပါပြီ
၎။ စောနားကဒေါင်းလော့ရယူထားတဲ့ Firmware ဖိုင်နဲ့ ADB & Fastboot တို့ကို
Folder တစ်ခုတည်းမှာ “L50RUU.zip” ဆိုပြီး နာမည်ပြောင်းထားပေးပါ။
၅။ လိုအပ်တာတွေကို ဒေါင်းလော့ရယူပြီးရင်တော့ ဖုန်းကို Reboot ချလိုက်ပါ၊
ပြီးရင် Fastboot Mode ၀င်ရမှာဖြစ်တဲ့အတွက် volume down+power button တွေကို
တစ်ပြို င်တည်းတွဲနှိပ်ထားလိုက်ပါ အနည်းဆုံး ၆-၇ စက္ကန့်လောက်ကြာပြီးလို့
အောက်ကပုံအတိုင်း ပေါ်လာခဲ့ရင်လွှတ်လိုက်ပါ။
၆။ ဖုန်းနဲ့ကွန်ပျူ တာကိုချိတ်ဆက်လိုက်ပါ၊ Fastboot folder ကိုသွားပါ
shift + right click ကိုတွဲနှိပ်ပါ ပေါ်လာတဲ့ စာတန်းတွေထဲ
“Open Command Window Here” ဆိုတာကိုနှိပ်လိုက်ပါ။
၇။ “Open Command Window Here” ဆိုတာကိုနှိပ်လိုက်တာနဲ့
အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်။
၈။ ပေါ်လာတဲ့ Command Box ထဲမှာ fastboot oem lock ဆိုပြီး ရိုက်ထည့်ပါ။
ရိုက်ထည့်မယ်ဆိုရင်တော့ Space ခြားတဲ့နေရာ စသဖြင့် စာသားမှာ
ပါသည့်အတိုင်း မှန်အောင် ရိုက်ထည့်ပေးပါ၊
ပြီးရင် ကီးဘုတ်မှ Enter ကိုတစ်ချက်ခေါက်လိုက်ပါ။
ပြီးရင် fastboot oem rebootRUU ဆိုတာကို ထပ်ရိုက်ထည့်ပါ
ပြီးရင် Enter ကိုတစ်ချက်ခေါက်ပါ။
နောက်ထပ် fastboot flash zip L50RUU.zip ဆိုပြီး
စာသားကို Copy ယူပြီး Command Box ထဲမှာ Past လုပ်လိုက်ပါ။
ရိုက်ထည့်လည်းရပါတယ်၊ ပြီးရင် Enter ကိုထပ်ခေါက်ချလိုက်ပါ။
ခနစောင့်နေလိုက်ပါ ဘာမှထပ်လုပ်ပေးစရာမလိုတော့ပါ
Firmware ရေးပြီးသွားရင်တော့ ဖုန်းက သူ့အလိုလို Reboot ကျသွားပါလိမ့်မယ်။
ပြန်တက်လာပြီးရင်တော့ သင့်ဖုန်းမှာ Lollipop လေးလန်းနေပါလိမ့်မယ်။
အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လိုမျှော်လင့်ပါတယ်
ခင်မင်လေးစားလျှက်
Ref-http://www.carbontesla.com
အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
Categories: Firmware တင်နည်း, Tutorial
0 comments:
Post a Comment