Pages

Tuesday, 17 March 2015

Windows 7 windiws 8 နှင့် 8.1 မှာ မြန်မာစာအဆင်မပြေတဲ့ သူများအတွက်


Windows 7 windiws 8 နှင့် 8.1 မှာ မြန်မာစာအဆင်မပြေတဲ့ သူများအတွက်

တကယ်တော့ windows 7 နဲ့ 8 ဟာ ကျနော်တို့လို သာမန်user တွေအတွက်တော့ အမြင်အသွင်လောက်ပဲ ခြားနားတယ်ဆိုရပါမယ်..။7 ကိုကျင်ကျင်လည်လည် အသုံးပြုတတ်သူတွေအတွက် 8 ဟာလည်းလွယ်ကူတယ်ဆိုရပါမယ်.။ဒီတော့ windows 8 မှာ zawgyifont သွင်းမယ်ဆိုရင် ပုံမှန် 7 မှာသွင်းသလိုပဲ သွင်းလိုက်ရင်ရပါပြီ။ 64-bit ဆိုရင်တော့ 7 မှာလိုပဲ စာရိုက်ဖို့ ကီးဘုတ်သွင်းဖို့လိုပါတယ်။ 
 အားလုံးပြီးပြီ ဆိုရင်တော့
ပုံထဲမှာပြတဲ့အတိုင်း Control Panel ကနေ internet Options ကိုဝင်လိုက်ပါ။
အဲဒါပြီးရင် ပုံထဲမှာ ပြထားတဲ့အတိုင်း Font ကိုနှိပ်လိုက်လို့
ကျလာမဲ့ box ထဲမှာ zawgyi1 ကိုရွေးပြီး ok လိုက်ပါ..။


နောက်အဆင့်ကတော့ ပုံမှာ နံပါတ် (5) ပြထားတဲ့ Accessibility ကိုနှိပ်လိုက်ပါ ။



ကျလာမဲ့boxထဲက အပေါ်သုံးခုထဲက (6) အလယ်ကဟာကို အမှန်ခြစ်ပေးပြီး (7)  ok ကိုနှိပ်ပါ။ 
အားလုံးပြီးရင် apply >ok နှိပ်ပြီး ထွက်လိုက်ရပါပြီ.။နံပါတ်စဉ်ပြထားတဲ့ အတိုင်း လုပ်ကြည့်ပါ..။

အခုလို ပြင်ပြီးတာတောင် mozilla firefox မှာ မြန်မာစာ အစဉ်မပြေသေးဘူး ဆိုရင် ..
mozilla firefox ကိုဖွင့်ပါ..tools  ကနေ Option ကိုဝင်လိုက်ပါ..



(1) concent ကို ကလစ်ပါ..အဲဒီကနေ (2)  Defaults font မှာ zawgyi 1 ကိုရွေးပါ..။
ပြီးရင် ပုံမှာ အဆင့်၃ ပြထားတဲ့ (3) Advanced ကို နှိပ်ပါ..ကျလာတဲ့ box ထဲက (4) serif: မှာ zawgyi 1 ကိုရွေးပါ..(5) မှာလည်း ပုံထဲကအတိုင်း ရွေးပေးပါ..။ (6) ok (7) ok..

windows 7 - 8 -8.1 မှာ မြန်မာစာပြသနာကို အဲဒီအတိုင်းလုပ်လိုက်ရင် အဆင်ပြေပါပြီး။ အဲဒါမှ အဆင်မပြေရင် စာရေးပြီးထားခဲ့ပါ..။ကျနော် နားလည်သလောက် ဖြေရှင်းနည်းတွေ တင်သွားပါ့မယ်..။


No comments:

Post a Comment